Keyman ထည့်သွင်းနည်း အသုံးပြုနည်း

    Author: mmITres Genre: »
    Rating

     Font Page တွင်ပေးထားသော One-Click installer တွင် Font + Keyman ၂ မျိုးစလုံးပါဝင်ပါတယ်။

    အကယ်၍ ဖောင့်ကိုသာ ရယူလိုပါက “ဖောင့်” menu ကတဆင့် ရယူနိုင်ပါတယ်။
    ထို့အတူ ဖောင့်ရှိပြီးသားဖြစ်၍ Keyman သာရယူလိုပါက “ကီးဘုတ်” menu မှတဆင့် ရယူနိုင်ပါတယ်။

    (က) One-Click installer (သို့) Keyman ထည့်သွင်းနည်း

    1. Download ရယူထားသော exe ဖိုင်ကို ၂-ချက်နှိပ်ပါ။
    2. Install Keyman Desktop 11.0 ကိုနှိပ်ပြီးသွင်းရပါမယ်။

    3. နောက်ဆုံးအဆင့်တွင် ဒီလိုပြပါလိမ့်မယ်၊ Start Keyman ကိုနှိပ်ပါ။

    4. ဒါဆိုရင် Task bar ပေါ်မှာ Keyman ပုံမြင်တွေ့ရမှာဖြစ်ပါတယ်။



    (ခ) စတင်အသုံးပြုနည်း (Windows 10)

    1. Keybaord လက်ကွက်ကို Windows + Space နှိပ်ကြည့်ခြင်းဖြင့် Pyidaungsu MM လက်ကွက်ကို ပုံပါအတိုင်းတွေ့မြင်ရမှာဖြစ်ပါတယ်။ 


    2. Pyidaungsu MM နှင် English လက်ကွက်ပြောင်းရန်

      • Windows + Space နှိပ်၍ ပြောင်းပေးနိုင်ပါတယ်။
        • မှတ်ချက်၊ လက်ကွက် ၂ မျိုးထက်ပိုရှိနေပါက Pyidaungsu MM အစိမ်းရောင်လက်ကွက်ကို ရရှိသည်အထိ Windows + Space နှိပ်ပေးရပါမယ်။ 

    (ဂ) On Screen လက်ကွက်ကြည့်ရန်

    1. Pyidaungsu MM ရွေးထားပြီး Task bar ပေါ်ရှိ Keyman ကို R+Click လုပ်ပါ။ 


    2. On Screen Keyboard ကိုရွေးလျှင် လက်ကွက်ဇယား မြင်ရမည်ဖြစ်ပါတယ်

    3. Mouse Click နှိပ်ကာ အသုံးပြုနိုင်ပါတယ်။ မြန် EN ရွေးကာ အသုံးပြုနိုင်ပါတယ်။


    (ဃ) စာရိုက်နည်းကြည့်ရန်
      1. Task bar ပေါ်ရှိ Pyidaungsu MM ကို R+Click လုပ်၍ ? Help ကိုရွေးပါ။
      2. Help on Pyidaungsu MM keyboard ကိုနှိပ်ပါက စာရိုက်နည်းများကို ပြသပေးပါလိမ့်မည်ဖြစ်ပါတယ်။
    (င) လက်ကွက်ဇယားကြည့်ရန် 
    pyidaungsu_mm လက်ကွက်