KeyMagic ထည့်သွင်းနည်း

    Author: mmITres Genre: »
    Rating

    ဒေါင်းလုဒ်ရယူထားသော KeyMagic-v2.0Pre-4 ဖိုင်အား  နှစ်ချက်နှိပ်၍ အဆင့်ဆင့် Install လုပ်သွားနိုင်ပါတယ်။

    Install ထည့်သွင်းခြင်းပြီးဆုံး၍ Run လိုက်ပါက အောက်တွင်ပြထားသည့်အတိုင်း Windows taskbar တွင် keymagic icon ပုံလေးနဲ့တွေ့ရမည်ဖြစ်ပါသည်။


    icon ကိုမတွေ့ရဖြစ်နေပါက အဆိုပါမြှားပုံ iconကိုနှိပ်ပြီး KeyMagic ကို task bar ပေါ်သို့ဖိဆွဲချပေးလိုက်ပါ။

    စာရိုက်ရန်လက်ကွက် keyboard ၅မျိုးထည့်သွင်းထား ပြီ:မိမိကြိုက်နှစ်သက်ရာပြောင်းလဲရန် keyboard ပေါ်ရှိ Ctrl ကိုဖိထားပြီ: _Spacebar ကိုတစ်ချက်ခြင်းနှိပ်ပေးခြင်းဖြင့်ပြောင်းလဲအသုံး ပြုနိုင်ပါသည်။ဒါ့အပြင် Add ကိုနိုပ်၍မိမိနှစ်သက်ရာ Keyboard(.Km2) ကိုထည့်သွင်းအသုံးပြုနိုင်သလို Remove ကိုနိုပ်၍မိမိအသုံးမပြု လိုသည့် Keyboard ကိုဖယ်ထုတ်နိုင်ပါသည်။


    လက်ကွက်များရိုက်နည်းကိုလည်းအနည်းငယ်ဖော်ပြပေးလိုက်ပါတယ်။

    ဇော်ဂျီ-ယူနီကုဒ်

    ဇော်ဂျီလက်ကွက်အတိုင်းရိုက်နိုက်တဲ့ Keyboard ဖြစ်ပါသည်။

    စားပြီးပြီလား =  စ  ာ  း  ​ြ  ပ  ီ  း  ​ြ  ပ  ီ  လ  ာ  း
    သင်္ဘော = သ  ​ေ  ဘ  င်္  ာ
    ကမ္ဘာ = က  မ  \`  ဘ  ာ (\` =Tab ခလုတ်အပေါ်)
    

    My-Win 2.3.0 Unicode 5.2

    Win စာရိုက်စနစ်ကိုအ​ခြေခံထားသော Keyboard ဖြစ်ပါသည်။

    စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
    သင်္ဘော = သ   ေ  ဘ  င်္  ာ
    ကမ္ဘာ = က  မ  ဘ  ◌  ာ (◌=Tab ခလုတ်အပေါ်)
    

    မြန်စံ

    အခြားယူနီကုဒ်ကီးဘုတ်များနှင့်မတူဘဲ ‘ယ’အက္ခရာနေရာပြောင်းလဲသွားသလို ‘ဏ္ဌ’ အက္ခရာလည်းပါဝင်လာပါတယ်။

    စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
    သင်္ဘော = သ  ​င  ်  ္   ေ  ဘ  ာ
    ကမ္ဘာ = က  မ  ္  ဘ  ာ
    

    ပြည်ထောင်စု

    ပြည်ထောင်စု MM Keyboard အကြောင်းအနည်းငယ်ရှင်းပြချင်ပါတယ်။ မြန်မာယူနီကုဒ် ကီးဘုတ်တစ်ခုဖြစ်သော ပြည်ထောင်စုလက်ကွက်တွင် အက္ခရာရေးသားပုံအချို့ ပြောင်းလဲသွားပါတယ်။ပြောင်းလဲသွားသည့် အက္ခရာအချို့မှာ
    1. စလုံးယပင့် နှင့် ဇမြင်ဆွဲ ( စ◌ျ ၊ဈ ) ( စေ◌ျ )
    2. သရရစ် နှင့် အော ( သ◌ြ ၊ ဩ ) ( သေ◌ြ )
    3. ခဂငဒပဝ နှင့် ဝိုက်ချ (ာ) မရေးနိုင် ( ခါ၊ဂါ၊ငါ၊ဒါ၊ပါ၊ဝါ )
    4. ၎င်း တစ်ချက်တည်းရေး/ဖျက်နိုင်
    5. ၄ လေး ဖြင့် ၎င်း မရေးနိုင် ( ၄◌င်း )
    6. ၀ (သုည) ဖြင့်အသတ်မရေးနိုင် ( ၀◌က် ၊ ၀◌န် ၊၀◌င် ၊၀◌ဏ္ဏ )
    စားပြီးပြီလား = စ  ာ  း  ​ပ  ြ  ီ  း  ​ပ  ြ  ီ  လ  ာ  း
    သင်္ဘော = သ  ​င  ်  ္   ေ  ဘ  ာ
    ကမ္ဘာ = က  မ  ္  ဘ  ာ