Myanmar Unicode Converters For Windows,Linux and Mac

    Author: mmITres Genre: »
    Rating

    Web Browser Extension များ

    Web browser extension ဆိုတာကတော့ Firefox,Chrome,Safari,…အစရှိတဲ့ web browser တွေရဲ့လုပ်ဆောင်ချက်တွေကိုပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးတဲ့အရာဖြစ်ပါတယ်။ဒီနေရာမှာတော့ web browser တွေရဲ့font converter extension တွေကိုအသုံးပြုပြီးဇော်ဂျီနဲ့ရေးသားထားသည်များကိုယူနီကုဒ်အသုံးပြုသူများဖတ်ရှုနိုင်ရန်တင်ပြပေးလိုက်ပါတယ်။
    Firefox Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension များမှရွေးချယ်အသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို firefox browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To Firefox ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။(မှတ်ချက်=MUA Web Unicode Converter မှလွဲပြီးတခြား extension များသည် Firefox Quantum ဗားရှင်းတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။)
    • MUA Web Unicode Converter by San Lin Naing [Firefox]
      MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။
    • Zawgyi – Unicode Converter by Firefox user 11892358
      Zawgyi – Unicode Converter will help you convert (Text) ZawgyiOne to Unicode and Unicode to ZawgyiOne.
    • Myanmar Converter Pro by @=={Lionslayer>
      ဤကွန်ဗာတာသည် မြန်မာဝက်ဘ်စာမျက်နှာများတွင် ဇော်ဂျီမှ ယူနီကုဒ်သို့ ပြောင်းပါသည်။


    Chrome Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension များမှရွေးချယ်အသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို chrome browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To Chrome ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။
    • MUA Web Unicode Converter by San Lin Naing [Chrome]
      MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော  extension ဖြစ်ပါသည်။
    • Tagu by Saturngod [Chrome]
      Detect Zawgyi and Unicode and include font embed. So, user no need to install zawgyi or unicode font to see Myanmar.

    Andriod ရဲ့ Firefox Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension ကိုအသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို firefox browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To Firefox ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။
    • MUA Web Unicode Converter by San Lin Naing [Firefox for Android Browser Extension]
      MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့ အလိုအလျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။

    Safari Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension ကိုအသုံးပြုနိုင်ပါသည်။ပေးထားသောလင့်မှဒေါင်းယူထားသော MUA Web Unicode…erter 1.5.safariextz’ ကို double click ခေါက်ပြီး “Install” လုပ်ပေးလိုက်ပါ။(Install လုပ်ပြီးပါက ထိုဖိုင် folder ထဲမှ ပျောက်ကွယ်သွားပါမည်)။Safari Browser တွင်ယူနီရောဇော်ဂျီနှစ်မျိုးစလုံးကို ဖတ်ရှုနိုင်ပါပြီ။
    • MUA Web Unicode Converter 1.5 by San Lin Naing [Safari]
      MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့အလိုအ လျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။Extension ကို double click နှိပ်ပြီး Safari မှ warning pop up တက်လာပါက Trust လို့လုပ်ပေးလိုက်ပါ။

    Opera Browser အသုံးပြုသူများအောက်ဖော်ပြပါ browser extension ကိုအသုံးပြုနိုင်ပါသည်။ပေးထားသောလင့်ကို opera browser တွင် new tab ခေါ်၍ဝင်ရောက်ပါ။ထို့နောက် Add To opera ကိုနိုပ်လိုက်ပါ။Browser ကိုပိတ်၍ပြန်လည်ဖွင့်လိုက်ပါ။Browser extension ကိုစတင်အသုံးပြုနိုင်ပါပြီ။
    • MUA Web Unicode Converter by winnlwin
      MUA Web Converter မှာ Web Page တွင်ရှိသော စာသားများအားလုံးသည် Zawgyi ဖြစ်ခဲ့ပါက Unicode သို့အလိုအ လျောက်ပြောင်းပေးသော extension ဖြစ်ပါသည်။

    Web Converter များ

    converter website ဆိုတာကတော့ website စာမျက်နှာပေါ်မှာတင် convert ပြုလုပ်နိုင်အောင်ရေးသားထားသော web page တစ်ခုဖြစ်ပါသည်။Converter software ကို install တင်စရာမလိုဘဲအဆိုပါ converter web page လင့်ကို save ထားပြီးအသုံးလိုသည့်အခါတွင် web browser ၌ပြန်လည်ခေါ်ယူ၍အသုံးပြုနိုင်ပါသည်။အဆိုပါ converter web page လင့်ကိုမည်သည့် browser တွင်မဆိုအသုံးပြုနိုင်ပါသည်။
    • Zawgyi1 <=> Unicode 2-Way Converter [ MCF Myanmar ]
      ဇော်ဂျီမှယူနီကုဒ် ,ယူနီကုဒ်မှဇော်ဂျီ သို့လျင်မြန်စွာပြောင်းဘဲပေးနိုင်သော converter web link ဖြစ်ပါတယ်။ပထမဆုံးစတင်ဝင်ရောက်ပါကအင်တာနက်ရှိရန်လိုအပ်ပြီ: web page link သို့ဝင်ရောက်သွားပါက bookmark လုပ်ထားပေးပါ။နောက်တစ်ကြိမ်အသုံးပြုမည်ဆိုပါကအင်တာနက်မလိုအပ်တော့ဘဲအဆိုပါ bookmark လုပ်ထားသောလင့်ကို browser တွင်ပြန်လည်ခေါ်ယူ၍ အသုံးပြုနိုင်ပါပြီ။
    • Myanmar fonts to Unicode [ ThanLwinSoft ]
      ဖောင့်လေးမျိုးကိုလျင်မြန်စွာပြောင်းလဲပေးနိုင်သော converter web link ဖြစ်ပါတယ်။ဖောင့်လေးမျိုးတွေကတော့ Unicode,Zawgyi-One,Wininnwa,Wwin_Burmese1 တို့ဖြစ်ပါတယ်။ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါကပထမဆုံးတစ်ကြိမ်သာအင်တာနက်ဖွင့်ရန်လိုအပ်ပြီးနောက်တစ်ကြိမ်အသုံးပြုမည်ဆိုပါကအင်တာနက်မလိုအပ်တော့ပါ။
    • MrDBA Blog Converter [ Zawgyi to Unicode ] (ဇော်ဂျီမှယူနီကုဒ်သို့ပြောင်းလဲရန်)
    • MrDBA Blog Converter [ Unicode to Zawgyi ] (ယူနီကုဒ်မှဇော်ဂျီသို့ပြောင်းလဲရန်)
      ဇော်ဂျီနဲ့ယူနီကုဒ်နှစ်ခုလုံးကိုလျင်မြန်စွာပြောင်းလဲပေးနိုင်သော converter blog link ဖြစ်ပါတယ်။ဒီ converter link ကတော့အသုံးပြုမည်ဆိုတိုင်းအင်တာနက်ရှိရန်လိုအပ်ပါတယ်။
    • Burmese Font Converter
      ဖောင့်အမျိုးအစားပေါင်း (၁၆) မျိုးပါဝင်ပြီးအသုံးပြုရလွယ်ကူတဲ့ converter web link ဖြစ်ပါတယ်။ပိတောက်ဖောင့်နဲ့မြန်မာ ၃ဖောင့် တို့ပါဝင်တဲ့ converter ဖြစ်ပါတယ်။ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါကပထမဆုံးတစ်ကြိမ်သာအင်တာနက်ဖွင့်ရန်လိုအပ်ပြီးနောက်တစ်ကြိမ်အသုံးပြုမည်ဆိုပါကအင်တာနက်မလိုအပ်တော့ပါ။
    • Rabbit Converter
      ဒီ converter web link လေးကတော့ပေါ့ပေါ့ပါးပါးလေးနဲ့အသုံးပြုရလွယ်ကူပြီးဇော်ဂျီနဲ့ယူနီကုဒ်ကိုတစ်မျက်နှာစီခွဲထားလို့ရှင်းလင်းစွာတွေ့မြင်ရပါတယ်။ဒီ converter web link ကိုလည်း bookmark လုပ်ထားပေးပါကပထမဆုံးတစ်ကြိမ်သာအင်တာနက်ဖွင့်ရန်လိုအပ်ပြီးနောက်တစ်ကြိမ်အသုံးပြုမည်ဆိုပါကအင်တာနက်မလိုအပ်တော့ပါ။
    • MM Font Converter (Web Version)
      Rabbit Converter ကိုအခြေံခံပြီးရေးသားထားသော converter web link ဖြစ်ပါတယ်။MM Font Converter မှာတော့ ယူနီကုဒ်စာမျက်နှာ၊ဇော်ဂျီစာမျက်နှာနှင့်ယူနီကုဒ်ရောဇော်ဂျီပါဝင်တဲ့စာမျက်နှာဆိုပြီး(၃)ကွက်ပါဝင်လို့ပိုမိုအသုံးဝင်မှာဖြစ်ပါတယ်။

    Converter App များ

    မိမိကွန်ပျူတာမှာတစ်ခါတည်း converter ကိုထည့်သွင်းထားလိုသူများအနေဖြင့်အောက်ပါ Converter App များကိုဒေါင်းလုဒ်ရာယူနိင်ပါတယ်။Operating System အလိုက် Windows,Linux နှင့် Mac ဟူ၍ခွဲခြားထားပါတယ်။

    For Windows

    • NLP Converter [ Myanmar Unicode and NLP Research Center ]
      Microsoft Word,Microsoft Excel,Text file တွေမှာဇော်ဂျီနဲ့ရေးသားထားသည်များကိုယူနီကုဒ်သို့လျင်မြန်စွာပြောင်းလဲပေးနိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ယူနီကုဒ်သို့ပြောင်းလဲရာတွင်ဇော်ဂျီသာမကအခြားသောဖောင့်အမျိုးအစား(၉)မျိုးကိုပါပြောင်းလဲပေးနိုင်ပါတယ်။
    • KaNaung Converter [ Soe Min ]
      ဖောင့်အမျိုးအစားပေါင်း(၁၆)မျိုးကိုလျင်မြန်စွာဖြင့်ပြောင်းလဲပေးနိုင်သော converter App တစ်ခုဖြစ်ပါတယ်။ဝင်းမြန်မာ,ဝင်းအင်းဝ,ဇော်ဂျီ,မြန်မာ ၁,မြန်မာ ၃,ပိတောက် စသောဖောင့်အမျိုးအစား(၁၆)မျိုးကိုကြိုက်နှစ်သက်ရာဖောင့်အားလျင်မြန်စွာပြောင်းလဲပေးနိုင်ပါတယ်။
    • Myanmar Unicode Dictionary [ Kyi Thar Soe ]
      ဒီ app လေးကတော့ dictionary ရော converter အဖြစ်ပါအသုံးပြုလို့ရတဲ့ app တစ်ခုဖြစ်ပါတယိ။စာလုံးရေပေါင်း၃၇၀၀၀ ကျော်ပါဝင်ပြီးအင်္ဂလိပ် – မြန်မာ ၊ မြန်မာ – အင်္ဂလိပ် နှစ်မျိုးသုံးလို့ရပါတယ်။ဇော်ဂျီနဲ့ ဖိုင်တွေဖိုဒါတွေကိုယူနီကုဒ်အဖြစ်နာမည် ပြောင်းရန် Filename changer + ကနောင် converter ကိုထည့်သွင်းထားပါတယ်။ဒီ Myanmar Unicode Dictionary အကြောင်းကို ဒီနေရာ တွင်လေ့လာနိုင်ပါသည်။
    • Myanmar 2 Correction
      Myanmar2 ဖြင့်ရေးသားထားသည်များကို Myanmar3 ဖောင့် format ပုံစံအတိုင်း မှန်ကန်စေရန် ပြောင်းလဲပေးပါသည့် converter ဖြစ်ပါတယ်။
    • PK Converter [ Phyoe Kyaw ]
      ကွန်ပြူတာအတွက် ( 1 ). Text Converter ( 2 ). Filename Converter ( 3 ). MP3 Tag Converter ဆိုပြီစုစုပေါင်း သုံးမျိုးပေါင်းပေးထားသော converter ဖြစ်ပါတယ်။