Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင်လုပ်နည်း

    Author: mmITres Genre: »
    Rating

    ကျနော်အခုရေးပြချင်တဲ့တော့ပစ်လေးဟာ ဆိုက်တော်များတင်ထားပြီးသားဖြစ်ပါတယ်။ သို့သော်မပြည့်စုံတဲ့အ ချက်အလက်တွေကို ထပ်ဖြည့်တဲ့သဘောပါ။ ဆိုက်မှာအများစုရေးထားကြတာ Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင် လုပ်နည်းသာရေးတာများပြီး Zawgyi-One, Unicode Converter box ပေါ်အောင် ထည့်နည်းကျတော့ မပါတာများတယ်။ အဲဒါကိုထည့်ပေးမှ ဒီတော့ပစ်နဲ့ပိုပြည့်စုံမှာဖြစ်တယ်။ ဒါကြောင့်လိုချင်တဲ့ သူများအတွက် ထပ်မံဖြည့်စွက်ပြီးတင်ပေးလိုက်တယ်နော့်..

    Zawgyi-One, Unicode Converter box


    Browser အသီးသီး Zawgyi-One ရော Unicode ပါ တပြိုင်နက်ဖတ်နိုင်အောင်လုပ်နည်း

    Mozilla Firefox အတွက်လုပ်နည်း
    1. Menu ရဲ့ Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
    2. Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
    3. Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ။
    4. အောက်က default character encoding မှာ Unicode UTF-8 ကိုရွေးပါ။

    ပုံကိုကြည့်ပြီးလိုက်လုပ်ပါ...


    ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။


    Internet Explorer အတွက်လုပ်နည်း
  • Click to download Myanmar3_IE.reg
  • ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ
  • Tools အောက်က Internet Option က fonts ကို Zawgyi-One ကိုပေးထားရပါမယ်.။
  • ဒီ နေရာကို click ပြီး save လုပ်ပါ။
  • IEကိုဖွင့်ပါ.. Tools >Internet Option>Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ခုန save လုပ်ထားတဲ့ ie.css ကိုထည့်ပေးပါ..။

  • Google chrome အတွက်လုပ်နည်း

    Google chrome browser ကိုဖွင့်ပါ

    ဒီ link ကို copy လုပ်ပြီး chrome browser ကနေဖွင့်ပါ။https://chrome.google.com/webstore/detail/dlgmiidgfdpjcnhnhafijlpinepjkpnd


  • ကျလာတဲ့ page မှာ install button ကို click လုပ်လိုက်ပါ။ (click to see image)

    ပြီးသွားရင် chrome ရဲ့ toolbar မှာ “က၊ခ” ကွက်ကလေးကိုတွေ့ ပါလိမ့်မယ်။ (Click to see image) ဒါဆိုရပါပြီ။

    (အပေါ်ကအချက်အလက်တွေဟာ Myanmar Net Knowledge မှ မှီငြမ်းထားသည်)
    Zawgyi-One, Unicode Converter box ဆိုက်မှာပေါ်အောင်လုပ်နည်း

    အောက်ပါ js code ကို copy ၊ ပြီးတော့ ထုံးစံအတိုင်း Blog long in, Dashboard, Design, Add Gigate, HTML/Javascript သို့ထည့်ပြီး Save လိုက်ရုံပါပဲ။
    <script type="text/javascript" src="http://sawlinux.googlecode.com/files/zawgyi%20%2C%20Uni.js"></script>
    ကဲ…မိမိ webpage ရဲ့ဒေါင့်မှာ Zawgyi-One, Unicode Converter box ပြူးပြူးကြီးပေါ်လာပါလိမ့်မယ်။ မိမိဝက်စာမျက်နှာနဲ့ကိုက်မည့်ဖေါင့်ကို ရွေးပြီးဖတ်ရုံပါပဲ။