Xiaomi Redmi Note 4G LTE Single Sim တွင် ယူနီကုဒ်ဖောင့်အလှများအသုံးပြုနည်း
ကျွန်တော် အခု ရေးမယ့် အကြောင်းအရာလေးကတော့ Xiaomi Redmi Note 4G LTE Single Sim မှာ ဖောင့်စတိုင်ချိန်းသုံးလို့ရမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်။
Xiaomi က သူ့ရဲ့တရားဝင် အခင်းအကျင်းစတိုး (Theme store) မှာတင်ထားတဲ့ ဖောင့်တွေနဲ့ Theme တွေကလွဲလို့ ကျန်တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ ဒေါင်းလုဒ်ရယူထားတဲ့ဖောင့်တွေ၊ Theme တွေကို အသုံးပြုခွင့်မပေးပါဘူး။ အခု ကျွန်တော်ရေးသားပေးတဲ့ နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင်တော့ Xiaomi ရဲ့ Mi Account မရှိရင်တောင် ကိုယ်ကြိုက်တဲ့ ttf ဖောင့်ဖိုင်တွေကို မိမိစိတ်ကြိုက် Theme>>Customize>>Fonts>>Offline ကနေ Apply လုပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲ့လိုအသုံးပြုမယ်ဆိုရင်တော့ မိမိရဲ့ဖုန်းမှာ Root access ရှိဖို့လိုအပ်ပါတယ်။
(Root မလုပ်ရသေးဘူး၊ Root မလုပ်တတ်သေးဘူးဆိုရင် Redmi Note 4G LTE ကို Root လုပ်ဖို့အတွက် ဒီလင့် မှာ ရေးသားထားပါတယ်။ သွားရောက်ကြည့်ရှုပြီး Root Access ရရှိအောင် ပြုလုပ်နိုင်ပါတယ်။)
ပထမဆုံး လိုအပ်တဲ့ဆော့ဝဲဖိုင်တွေကို ဒေါင်းလုဒ်ရယူဖို့ လိုပါတယ်။
လိုအပ်တဲ့ဆော့ဝဲတွေကို ဒေါင်းလုဒ်ရယူပြီးပြီဆိုရင် ဆော့ဝဲတွေအားလုံးကို သွင်းလိုက်ပါ။
၁။ Xposed Installer ကိုဖွင့်ပါ။ ၂။ Modules ထဲဝင်ပါ။ အထဲမှာ သွင်းထားတဲ့ Paid Theme, Theme Authorization နဲ့ iFont ကိုတွေ့ပါလိမ့်မယ်။ အကုန်လုံးကို အမှန်ခြစ်ပေးခဲ့ပါ။ ၃။ ပြီးရင် Module ကနေထွက်ပြီး Framework ထဲကို ဝင်ပါ။ Framework သွင်းရင် ဘာဖြစ်တယ်.....ညာဖြစ်တယ်နဲ့ ပြောပါလိမ့်မယ်။ OK ပေးလိုက်ပါ။ ပြီးရင် Install/Update ကိုနှိပ်ပါ။ Root access တောင်းပါလိမ့်မယ်။ (China Dev rom သုံးတဲ့သူတွေကတော့ Security app (app from Homescreen, not from Settings)>>Permissions>>Root access မှာ Xposed Installer ကိုဖွင့်ပေးပါ။ ပြီးရင် Xposed ထဲဝင်ပြီး စောစောက ပြောခဲ့တဲ့အတိုင်း Framework သွင်းပါ။) ၄။ သွင်းပြီးရင် Restart လုပ်မလား၊ မလုပ်ဖူးလား မေးပါလိမ့်မယ်။ OK ပေးလိုက်ပါ။ စက်က Restart လုပ်သွားပြီး ပြန်တက်လာရင် Xposed framework သွင်းပြီးပါပြီ။ ၅။ ကိုယ်ဒေါင်းလုဒ်ရယူပြီးသား ttf ဖောင့်ဖိုင်တစ်ခုကို File explorer ကနေဖွင့်လိုက်ပါ။ ဘာနဲ့ဖွင့်မလဲမေးရင် iFont ကိုရွေးပေးပါ။ ၆။ iFont apk ထဲရောက်သွားပါလိမ့်မယ်။ Apply ကိုနှိပ်ပါ။ OK ကိုထပ်နှိပ်လိုက်ပါ။ သူက Font style ထုတ်ပြီးပါပြီဆိုပြီး ပြောပါလိမ့်မယ်။ အခုသုံးမလားမေးရင် OK နှိပ်ပါ။ Theme store ထဲရောက်သွားပါလိမ့်မယ်။ ၇။ Theme ထဲရောက်ရင် Customize>>Fonts>>Offline ထဲဝင်ရင် စောစောက လုပ်ထားတဲ့ ဖောင့်စတိုင်ကိုတွေ့ပါလိမ့်မယ်။ ရွေးပြီး Apply လုပ်ပေးလိုက်ပါ။ ရပါပြီ။
(ဒီနေရာမှာ MIUI V6 နဲ့ MIUI V7 China Rom သုံးတဲ့သူတွေက စောစောကပြောသလို ဖောင့်စတိုင်လုပ်ပြီးလို့ OK ပေးလိုက်ရင် Theme store ထဲရောက်ပြီး Customize ထဲဝင်ပြောင်းလို့ရပေမယ့် MIUI V7 Global Rom သုံးတဲ့သူတွေကတော့ OK ပေးလိုက်လို့ Theme store ထဲရောက်သွားတဲ့အခါ Customize ကိုတွေ့မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် MIUI V7 Global Dev Rom သုံးတဲ့သူတွေက OK မပေးဘဲ Cancle ကိုနှိပ်ပါ။ ပြီးရင် Settings>>System Fonts>>Offline ထဲဝင်ပြီး Apply လုပ်လို့ရပါတယ်။)
အပေါ်ကရေးသားခဲ့တဲ့ နည်းလမ်းအတိုင်း လုပ်မယ်ဆိုရင် မိမိစိတ်ကြိုက် နှစ်သက်ရာ ttf ဖောင့်ဖိုင်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုက မြန်မာယူနီကုဒ်ကို စတင်အသုံးပြုတဲ့အချိန်မှာ စက်တွေအများစုမှာပါတဲ့ဖောင့်ဟာ ပိတောက်ဖောင့်ပါ။ Android version 5.0 နဲ့အထက်၊ MIUI Version 5.8.13 ကစပြီး ပါလာတဲ့ စနစ်ရဲ့ဖောင့်က နိုတိုစံမြန်မာယူနီကုဒ်ဖောင့်ပါ။ ပိတောက်ဖောင့်ဟာ စက်အများစုမှာ နဂိုပါလာတဲ့အတွက် ယူနီကုဒ်စတင်သုံးစွဲတဲ့သူအများစုဟာ ယူနီကုဒ်ဖောင့်ဟာ မလှဘူး၊ ပုံတုံးတယ်လို့ ထင်တတ်ကြပါတယ်။ ယူနီကုဒ်ဖောင့်တွေမှာ ဖောင့်အလှများစွာ ရှိပါတယ်။ အဲ့ဒီလို ယူနီကုဒ်ဖောင့်အလှတွေကို အမျိုးမျိုး ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်တော့ ယူနီကုဒ် ဖောင့်အလှတွေကို ဒီလင့် ကနေ ဒေါင်းလုဒ်ရယူပြီး အပေါ်က ရေးသားတဲ့နည်းအတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယူနီကုဒ်ဆိုတာ နိုင်ငံတကာက လက်ခံထားတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အသုံးပြုတဲ့ ဘာသာစကားတွေအတွက် သတ်မှတ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယူနီကုဒ်စနစ်ကို အသုံးပြုခြင်းအားဖြင့် ကမ္ဘာနည်းပညာကုမ္ပဏီကြီးတွေက ထုတ်လုပ်တဲ့ ဆော့ဝဲတွေမှာ မိမိနိုင်ငံရဲ့ ဘာသာစကားနဲ့ အသုံးပြုနိုင်ပါတယ်။ အဲ့လိုအသုံးပြုနိုင်တဲ့အတွက် အင်္ဂလိပ်စာမကျွမ်းကျင်တဲ့ မြန်မာစာကို သေစာရှင်စာပဲ ဖတ်တတ်တဲ့သူတွေတောင်မှ ခေတ်မှီနည်းပညာတွေကို နားလည်အသုံးပြုနိုင်ကြပါတယ်။ နိုင်ငံတကာမှာလည်း ယူနီကုဒ်စနစ်ကိုသာ အသုံးပြုနေကြပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုးနီးရှား စတဲ့နိုင်ငံတွေမှာလည်း ယူနီကုဒ်စံနှုန်းမှီတဲ့ ဖောင့်တွေကိုသာ အသုံးပြုကြတဲ့အတွက် နည်းပညာပိုင်းမှာ ကျွန်တော်တို့နိုင်ငံနဲ့ယှဉ်ရင် များစွာတိုးတက်နေကြပါတယ်။ သူတို့နိုင်ငံသားတွေဟာ အင်္ဂလိပ်စာကို မကျွမ်းကျင်ကြပေမယ့် ဆော့ဝဲတွေကို Localization လုပ်ပြီးသုံးတဲ့အတွက် ကလေးသူငယ်တွေကအစ နည်းပညာနဲ့ ရင်းနှီးနေကြပါပြီ။ မြန်မာနိုင်ငံလည်း ကမ္ဘာနိုင်ငံများနည်းတူ နိုင်ငံတကာ အသိအမှတ်ပြု ယူနီကုဒ်စံနှုန်းနဲ့ကိုက်ညီသော ဖောင့်များကိုသာ အသုံးပြုကြပြီး နည်းပညာတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပါဝင်ကူညီဆောင်ရွက်နိုင်ကြပါတယ်။