Samsung Android ဗားရှင်း 4.1.2 ဖုန်းများမြန်မာစာထည့်သွင်းနည်း

    Author: mmITres Genre: »
    Rating


    Samsung ဖုန်း Android ဗားရှင်း 4.1.2 ဖုန်းတွေ မြန်မာစာထည့်သွင်းနည်းလေးပါ။ အခြား Samsung ဖုန်းတွေမရပါ 4.1.2 သီးသန့်ဖြစ်ပါတယ်။ အလုံးတိုင်းရမယ်လို့လည်း အာမ မခံပါဘူး။ ဒီဖုန်းတွေကို မြန်မာစာထည့်သွင်းဖို့ နည်းနှစ်နည်းရှိပါတယ်။

    ပထမတစ်နည်းကတော့ CWM ကနေ Flash ပေးတဲ့နည်းပါ။ အဲ့ဒီအတွက် မိမိရဲ့ Samsung 4.1.2 လေးကို CWM သွင်းထားဖို့လိုပါမယ်။

    ဒုတိယနည်းကတော့ Root ဖောက်ပြီး သွင်းတဲ့နည်းပါ။ အဲ့ဒီအတွက် မိမိရဲ့ Samsung 4.1.2 လေးကို Root ဖောက်ထားဖို့လိုအပ်ပါမယ်။

    ကျွန်တော်နှစ်နည်းစလုံးပြောပြပေးသွားမှာပါ။ မိတ်ဆွေကတော့ Root မဖောက်ချင်ရင် CWM နဲ့နည်းကို လုပ်နိုင်ပါတယ်။ CWM မသွင်းချင်ရင်တော့ Root ဖောက်တဲ့နည်းကို သုံးနိုင်ပါတယ်။ မိမိရဲ့ဖုန်း CWM သွင်းနည်း သို့မဟုတ် Root ဖောက်နည်းကို Google မှာ ဖုန်းရဲ့မော်ဒယ်,ဗားရှင်းအလိုက် ရိုက်ရှာပြီး ဖုန်းကို Root သို့ CWM သွင်းထားလိုက်ပါ။

    Root ဖောက်ပြီးထည့်သွင်းတဲ့နည်းကို ဒီမှာ သွားကြည့်ပေးပါ။
    Install Myanmar Unicode Font in Samsung 4.1.2 (Need CWM)
    =========================================================
    ဖုန်းမှာ CWM သွင်းထားပြီးမှ ဒီနည်းကို အသုံးချနိုင်ပါမယ်။ CWM အရင်သွင်းထားပါ။ သွင်းပြီးရင်တော့ အရင်ဦးဆုံး Myanmar Unicode 4.1.2.zip ဖိုင်လေးကို အောက်ကပေးထားတဲ့ လင့်ကနေသွားဒေါင်းလိုက်ပါ။

    Download >>> Myanmar Unicode 4.1.2.zip
    Myanmar Unicode 4.1.2.zip ကိုဒေါင်းလို့ပြီးရင် ဖုန်းကိုပိတ်လိုက်ပါ။
    CWM Recovery Mode ကိုဝင်မှာဖြစ်တဲ့အတွက် Power+Home+Vol Up ခလုတ်သုံးခုကို ပြိုင်တူဖိထားလိုက်ပါ။
    CWM Recovery Mode ကိုရောက်သွားပါလိမ့်မယ်...

    အားလုံးသိကြတဲ့အတိုင်း Recovery Mode ကိုရောက်သွားရင် ဖုန်း Screen အလုပ်မလုပ်တော့တဲ့အတွက် အပေါ်တက်အောက်ဆင်းလုပ်ဖို့ အသံချဲ့ခလုတ်(Vol Up) နဲ့ အသံတိုးခလုတ်(Vol Down) တို့ကိုအသုံးပြုရမှာပါ။ OK ပေးဖို့ကတော့ Home ခလုတ် သို့မဟုတ် ပါဝါခလုတ်ကို အသုံးပြုရမှာပါ။
    1. install zip from sdcard ဝင်ပါ။
    2. choose zip from sdcard ထပ်ဝင်ပါ။
    3. ပြီးရင် စောဏက ဒေါင်းထားတဲ့ ဖိုဒါထဲကို ဝင်ပါ။
    4. ဒေါင်းထားတဲ့ Myanmar Unicode 4.1.2.zip ကိုရွေးပြီး OK ပေးလိုက်ပါ....

    မြန်မာစာသွင်းနေပါပြီ.... စောင့်ပေးလိုက်ပါ.... ပြီးသွားရင် ++back+++ ကိုနှိပ်ပြီး အဲ့ကနေပြန်ထွက်လိုက်ပါ။ Reboot System ကိုရွေးပြီး Home/Power ကိုတစ်ချက်နှိပ်လိုက်ပါ... ဖုန်းက Reboot ကျသွားပါလိမ့်မယ်.... ပြန်တက်လာရင်တော့ ဖုန်းက မြန်မာစာ သွင်းပြီးသွားပါပြီ....

    စာရိုက်ဖို့အတွက် M3 Keyboard', MUA ဗေကီးဘုတ်' သို့မဟုတ် မိမိနှစ်သက်ရာ ကီးဘုတ်ကို Play Store ကနေဒေါင်းနိုင်ပါတယ်။ Play Store အဆင်မပြေသူများကတော့ M3 Keyboard ကို ဒီမှာ သွားယူလိုက်ပါ။ MUA ဗေကီးဘုတ်ကို ဒီမှာ သွားယူလိုက်ပါ။
    1. ပြီးရင် Install လုပ်.....
    2. Setting ကိုဝင် Language & Input ကိုဆက်ဝင်ပြီး မိမိတို့ထည့်သွင်းထားတဲ့
    3. ကီးဘုတ်ရဲ့ဘေးနားက ကွက်လပ်လေးကို အမှန်ခြစ်တပ်...
    4. Default ကိုနှိပ်ပြီး ကိုယ်သုံးမယ့်ကီးဘုတ် ရွေးပေးလိုက်ပါ....

    ပြီးရင်တော့ စာရိုက်ကြည့်လိုက်ပါ။

    အဆင်ပြေရင်ပြေ မပြေသေးရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။ အဲ့ဒီနည်းနဲ့ထပ်စမ်းကြည့်နိုင်ပါသေးတယ်။

    Credit to Myanmar Unicode 4.1.2.zip Creator.

    အားလုံးအဆင်ပြေပျော်ရွင်နိုင်ကြပါစေ....၊၊၊