iPhone ကို Unlock လုပ်လို့  မရလို့  စိတ်ညစ်နေကြတဲ့ မိတ်ဆွေများ အတွက် Factory Unlock ကို Free ပြုလုပ်နိုင်မယ့် Site လေးကို လက်တို့ ပေးချင်ပါတယ်...
iPhone 3G ကစလို့  iPhone 5 အထိ Unlock လုပ်နိုင်ပြီး Jailbreak လုပ်ထားဖို့ လည်း မလိုအပ်ပါဘူး၊ Remote Unlock စနစ်နဲ့  Unlock ပြုလုပ်ပေးမှာဖြစ်လို့  မိမိ Device ရဲ့  IMEI Number ကို ပေးပို့ လိုက်ရုံနဲ့  နာရီပိုင်း အတွင်းမှာ Unlock လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်...
သို့ ပေမယ့် အဲဒီလောက် လွယ်ကူ နေမယ် ဆိုမှတော့ နောက်ကွယ်မှာ ယှဉ်ပြိုင်မှုလေးတွေတော့ ရှိကြစမြဲပါ...
ကျွန်တော်ရဲ့  ဆောင်ပုဒ်လိုပေါ့....
"အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်"....
Free ရချင်တဲ့ အတွက် အဲဒီ တန်ဖိုးလေးကိုတော့ အနည်းငယ် ကြိုးစားပေးဆပ်ကြရမှာပေါ့....
ပထမဦးဆုံး ပြောချင်တာကတော့ အခု Free Unlock လုပ်ပေးမယ့် Site ဟာ ပိုက်ဆံနဲ့  Unlock ဝန်ဆောင်မှုပေးနေတဲ့ Site တစ်ခု ဖြစ်ပါတယ်၊ ဒါပေမယ့် အပတ်စဉ် တစ်ပတ်ကို တစ်ယောက် ကံစမ်းမဲ ဖောက်ပေးပြီး Free Unlock ပြုလုပ်ပေးလျှက် ရှိပါတယ်။ ဒါကြောင့် Free Unlock လုပ်ချင်တယ် ဆိုရင်တော့ ကံကောင်းဖို့  တော့လိုပါတယ်။
Free Unlock အတွက် ပါဝင်ယှဉ်ပြိုင်လိုတယ် ဆိုရင်တော့ အောက်ပါ အချက်အလက်များကို လုပ်ဆောင်ပေးဖို့  လိုအပ်ပါတယ်...
(၁) သူတို့ ရဲ့  Twitter ကို "Follow" လုပ်ပေးရပါမယ်။
(၂) Facebook မှာ "Like" လုပ်ပေးရပါမယ်။
(၃) Google + မှာ "Recommend" လုပ်ရပါမယ်။
(၄) မူရင် Site မှာ ကျေးဇူးတင် စကား ရေးပေးရပါမယ်။
(၅) မိမိရဲ့  eMail လိပ်စာကို ဖြည့်ထားပေးရပါမယ် (ဒါမှသာ သင်မဲပေါက်ပါက ဆက်သွယ်ပြီး IMEI တောင်ယူ Unlock လုပ်ပေးပါလိမ့်မယ်)
>> ဤနေရာတွင် FREE Unlock အတွက် တစ်ဆင့်ခြင်း စတင်ပါ။
မိမိက ငွေကြေးတတ်နိုင်လို့  ကံစမ်းမဲလည်း မစောင့်နိုင်ဘူး ဆိုရင်တော့ ပိုက်ဆံပေးပြီး Unlock လုပ်နိုင်ပါသေတယ်။ မိမိ Device ရဲ့  နိုင်ငံအလိုက် Unlock လုပ်ပေးတဲ့ ဝန်ဆောင်ခတွေ ကွာခြားပြီး အနိမ့်ဆုံး £39 (စတာလင်ပေါင်) ကနေ £115 အထိ ကုန်ကျနိုင်ပါတယ်။
>> ဤနေရာတွင် PAY Unlock အတွက် စတင်ပါ။
မိမိ iDevice ရဲ့  IMEI ကို Settings -> General -> About မှာ ရှာဖွေ တွေ့ ရှိနိုင်ပါတယ်..