စက်ရုပ်ရဲ့ရင်ခွင်လေးထဲမှာ.. ZawGyi ကိုခိုဝင်နားစေဖို့ (သို့) Huawei Blaze U8510 ဖုံးကို မြန်မာဖောင့် သွင်းနည်း

    Author: mmITres Genre: »
    Rating

    Android ဆိုတဲ့စကားလုံးနဲ့စတင်ရင်းနှီးမိတာကတော့..သူငယ်ချင်းတစ်ယောက်ရဲ့ HTC ဟန်းဆက်မှာပါ။ တချိန်က..လူကြိုက်များခဲ့တဲ့..Nokia ရဲ့ symbian ကိုအလှဲထိုးပြီး..ကမ္ဘာကျော် Apple ရဲ့ iOS ကို..ပုခုံးချင်းယှဉ်နေတဲ့..စက်ရုပ်လေးရဲ့..စွမ်းပကားကလဲ...ပေါ့သေးသေးတော့မဟုတ်ပါဘူး။ ဈေးကွက်ဝေစုတဖြေးဖြေးနည်းပါးလာတဲ့...Sony Ericsson၊ Samsung တို့လို..နာမည်ကြီးကုမ္ပဏီတွေလဲ စက်ရုပ်လေးနဲ့ပူးပေါင်းပြီး...ဈေးကွက်ဝေစုပြန်လည်ရယူဖို့ကြိုးစားနေကြတာလဲ.စာစောင်တွေမှာဖတ်ဖူးပါတယ်။


    ဆမ်ဆောင်းဆိုရင်တော့.ပြန်ရောင်းဖို့ခက်မယ်..လို့ပြောရလောက်အောင်..လူကြိုက်နည်းခဲ့တဲ့..ဆမ်ဆောင်းဟာ.ခုချိန်မှာတော့..စက်ရုပ်ရဲ့အစွမ်းကြောင့်...Galaxy SII ဆိုပြီး..iPhone 4S နဲ့..တန်းတူနီး ပါးလောက်..ယှဉ်နိုင်တဲ့အနေအထားကို.ရောက်ခဲ့တာလဲ...မျက်မြင်ပါပဲ။


    Android ဆိုတာကို..အင်္ဂလိပ်လိုဘယ်လိုအသံမှန်ထွက်ရမလဲဆိုတာကိုလဲ.ကျွန်တော်မသိပါဘူး။ အန်းဒရော့၊ အန်းဒရိုက်..ဆိုပြီးပြောကြပေမယ့်...ကျွန်တော်ကတော့...မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း..သူ့ရဲ့ Logo လေးဖြစ်တဲ့..စက်ရုပ်ပုံလေးကြည့်ပြီး..စက်ရုပ်လို့ပဲခေါ်ဝေါ်သုံးစွဲလိုက်ပါတယ်။


    HTC လဲ..စက်ရုပ်နဲ့..မြန်မာပြည်မှာ..နာမည်ရ၊ လူကြိုက်များခဲ့ရတယ်။ ကိုယ်ကလဲဝယ်ချင်ပေမယ့်.ဈေးနှုန်းက..မလှမ်းနိုင်တဲ့အနေအထားမို့..အသာလေးကြိတ်မှိတ်နေခဲ့လိုက်တာ...Huawei နဲ့တွေ့မှ..မကွာ ဝေးနိုင်တော့ပဲ..စက်ရုပ်လေးကို.လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့ပါပြီ။


    ပါးလျတဲ့ဘော်ဒီဒီဇိုင်း၊ နူးညံ့တဲ့ထိတွေ့မှု..မြန်ဆန်တဲ့..စက်ရုပ် (Android 2.3.5) နဲ့ Made in China (Huawei Blaze U8510) ကို..ကျပ်ငွေတစ်သိန်းတောင်မပေးရဘူးဆိုလို့..အထင်တော့ မသေးလိုက်ပါနဲ့နော်...(ဝယ်ပြီးမှတော့..ဒီလိုပဲပြောရမှာပေါ့နော့..ဟဲဟဲ)။ သူ့မှာပါတဲ့....wifi ဆိုတာလေးကတော့...အင်တာနက်သုံးတဲ့သူတိုင်းကြိုက်ကြမှာပါပဲလေ။


    ကျွန်တော့်မှာလဲ..ညားခါစဇနီးချောလေးလို......သူ့အတွက်.ဘာတွေလိုအပ်မလဲ.ဘာတွေလုပ်ပေးရမလဲ.ဆိုတာပဲ.. အရိပ်တကြည့်ကြည့်နဲ့။ wifi လေးဖွင့်ပြီး..စမ်းကြည့်မိတဲ့သကာလ... စက်ရုပ်ရဲ့ပညာပေးခြင်းကို..စတင်ခံစားရပါပြီ။ Online ပေါ်တက်လိုက်တာနဲ့..လေးထောင့်တုံးလေးတွေပဲတန်းစီလို့...ဟုတ်တာပေါ့...မင်းသားလေး..ကိုဇော်ဂျီကို.ကျွန်တော်မေ့နေလိုက်တာ.. သူမပါလို့ဘယ် ဖြစ်မလဲဗျ။


    ခက်တာက....Windows OS လို..(.exe) နဲ့..Install လုပ်လို့ကလဲမရ....ဖောင့်ကိုကော်ပီရိုက်ပြီး..font folder ထဲသွားထည့်လို့လဲမရဆိုတော့မြင်သာမြင်မကြင်ရတဲ့ကိန်းဆိုက်ပါလေရောဗျာ။ နယ်မြို့လေးမှာနေရတော့လဲ...ဘယ်သူ့ကိုသွားမေးလို့.ဘယ်ဆိုင်မှာလုပ်လို့ရတယ်ဆိုတာကလဲမရှိဆိုပြန်တော့.....ကိုယ့်အားကိုယ်ကိုး..၊ကိုယ်ထူကိုယ်ထစနစ်နဲ့ပဲ...အွန်လိုင်းရဲ့ရှာဖွေရေးပွဲစားကြီး..မောင်ဂူဂဲလ် ကိုပဲ..အားကိုးရတာပေါ့။


    ဒီမှာအတွေ့အကြုံအသစ်တစ်ခုတိုးလာတာကတော့..စက်ရုပ်တွေမှာ..root လုပ်ရတယ်ဆိုတာပါပဲ။ root tool တွေလဲများသလောက်..ကိုယ့်ဖုန်းနဲ့ကိုက်ညီမဲ့ဟာကို..ရှာဖွေထည့်သွင်းစမ်းသပ်တာနဲ့တင် ပညာတော်တော်လေးရလိုက်မိတယ်....အခုရေးမဲ့နည်းလေးက..ကျွန်တော်သုံးနေတဲ့..ဖုန်းမှာ.ကျွန်တော်ကိုယ်တိုင်လုပ်ကြည့်လို့အဆင်ပြေထားနည်းပါ။ တခြား ဖုန်းတွေအတွက်တော့..ကျွန်တော်လဲမသိသေးပါဘူး။ ကဲ..စက်ရုပ်ရဲ့ရင်ခွင်ထဲကို..မောင်ဇော်ဂျီကိုဘယ်လိုသိမ်းသွင်းခဲ့ရသလဲဆိုတာကတော့.....အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

    ပထမဆုံး..ဖော်ပြပါ..software တွေကို..အရင်ဆုံး..Download ချပါ။


    Software တွေအကုန်ဒေါင်းပြီးသွားရင်တော့..အရင်ဆုံး...Google USB driver ကိုကွန်ပျူတာထဲInstall လုပ်လိုက်ပါ။ ပြီးရင်.ဖုန်းကို USB နဲ့ ကွန်ပျူတာကိုချိတ်ပြီး Automatic-Root-Enabler ကို Double Click ပေးပြီး run လိုက်တာနဲ့..သင့်စက်ရုပ်လေးကို...စတင် root လုပ်ပါလိမ့်မယ်။


    ဒီတိုင်းလေးဖြစ်ပြီဆိုရင်တော့..သင့်စက်ရုပ်လေးဟာ..root လုပ်တာအောင်မြင်သွားပါပြီ



    ဖုန်းရဲ့ application မှာ..ခုလို Super User ဆိုတာလေးလဲပေါ်လာပါလိမ့်မယ်..ဘာမေးမေး..Allow ကိုသာ..နှိပ်ပေတော့




    ဆက်လက်ပြီး.ကျန်နေသေးတဲ့..Font Changer.....BusyBox ...Root Explorer..နဲ့...Frozen Keyboard ကိုတော့..ဖုန်းထဲကို..Install လုပ်လိုက်ပါ။ နောက်ပြီး..Zawgyi-One ကိုလဲ. SD Card ထဲကူးထည့်ထားလိုက်ပါ။...စက်ရုပ်လေးဟာ..root လုပ်ပြီး....Super User ဖြစ်တာနဲ့..ကျန်တဲ့အဆင့်တွေဟာ..သိပ်မခက်တော့ပါဘူး...စက်ရုပ်တွေတော်တော်များများလဲ... root အဆင့်မှာပဲ..အဖုအထစ်လေးတွေဖြစ်နေကြတာပါ။

    ကဲ...ဇော်ဂျီကို.တဆင့်ခြင်း..စက်ရုပ်ဆီပို့ဖို့..စတင်လို့ရပါပြီ..အရင်ဆုံး...Root Explorer ကိုrun လိုက်ပါ။ Superuser premission တောင်းလျှင် allow လုပ်ပေးလိုက်ပါ။ (Busy Box ကိုကြိုပြီး..ဖုန်းထဲ install လုပ်ထားပါ..ဘာလို့လဲဆိုတော့..font changer ကို run ရင်..လာတောင်းမှာမို့ပါ....)ပြီးရင်..ခုနက..ထည့်ထားတဲ့..zawgyi-one ကိုဖိပြီး....Copy လုပ်လိုက်ပါ။ ဘယ်ဖက်က..back လေးကိုနှိပ်ပြီး..font changer ဖိုဒါမှာ past လုပ်ပါပေးလိုက်ပါ။


    Application ထဲကိုပြန်သွားပြီး..Font Changer ကို run လိုက်ပါ။ ဒါဆိုရင်တော့.ခုနကထည့်ထားတဲ့ zawgyi one ကိုခုလိုမြင်တွေ့ရမှာဖြစ်ပါတယ်။








    ဇော်ဂျီပေါ်မှာ.ခဏဖိထားတာနဲ့.ခုလိုလေးပေါ်လာပါလိမ့်မယ်...Set ကိုနှိပ်လိုက်တာနဲ့.....apply , preview နှင့် cancelဆိုပြီးပေါ်လာရင် apply ကိုရွေးပေးပါ။


    Apply ကိုနှိပ်လိုက်တာနဲ့..reboot now နှင့် reboot later လို့မေးလာရင်.. reboot now ကိုနှိပ်ပေးပါလိုက်တာနဲ့..ဖုန်းဟာ..restart လုပ်ပါလိမ့်မယ်...ပြန်တက်လာရင်ပြီဆိုရင်တော့.. ဇော်ဂျီလေးဟာ..စက်ရုပ်ရဲ့ရင်ခွင်ထဲကို.အပြီးအပိုင်ရောက်ရှိလို့...သင်ဟာ..လေးထောင့်တုံးလေးတွေနဲ့ဖြစ်နေတဲ့ဟာတွေကို..မြန်မာလိုကောင်းကောင်း မြင်ရပါပြီ....





    mail စစ္မလား




    ဂျီတော့မှာလဲပွားနိုင်တယ်နော်




    ဖေ့ဘုတ်မှာလဲ.ခုလိုမြင်ရပါပြီ



    ခမျာလဲ..root နဲ့တိုင်ပတ်နေရှာတယ်

    ဟိုက်...မေ့နေလိုက်တာ..ဖတ်လို့ရရုံနဲ့ဘယ်ဟုတ်သေးမလဲ...ရေးလို့ရောရမှာပေါ့ဗျ..ဟုတ်တယ်မလား...ဒါလေးကတော့..လွယ်လွယ်လေးပါ..ခုနကဒေါင်းထားတဲ့..FrozenKeyboard ကိုသာ..install လုပ်ပြီး...run လိုက်ပါ။ ပြီးရင်...ဖုန်းရဲ့ setting >> Language & Keyboard >> select input method မှာ Frozen Keyboard လေးကိုရွေးပေးလိုက်တာနဲ့ မြန်မာလို..အေးဆေးရိုက်လို့ရပါပြီ။





    အခြေအနေအရ..မက်ဆိပို့ရတာပေါ့..ဟဲဟဲ





    ဖုန်းနံပါတ်တွေကိုလဲ.ခုလိုမှတ်လို့ရတယ်နော်

    ကဲ..ဒီလောက်ဆို..အားလုံးအဆင်ပြေပြီလို့ထင်ပါတယ်ဗျာ..ကျွန်တော်လဲကျွမ်းကျင်ပညာရှင်မဟုတ်တဲ့အတွက်..လေ့လာစမ်းသပ်ပြီး.အဆင်ပြေလို့..မျှလိုက်တာပါ။ မိတ်ဆွေတို့အဆင်မပြေခဲ့ရင်တော့..ကျွန်တော့်ရဲ့ ရေးသားရှင်းပြချက်..ညံ့ဖျင်းတယ်လို့ပဲ..ယူဆပေးကြပါ။ ခုလိုသိရှိနားလည်ဖို့.လေ့လာဆည်းပူးခွင့်ရခဲ့တဲ့..myanmarmobileapp.com နဲ့..လိုအပ်တဲ့ software တွေကို..တင်ပေးထာတဲ့သူတွေကိုလဲ...များစွာကျေးဇူးတင်မိပါကြောင်း..ပြောကြားရင်း..ခဏနားကြပါဦးစို့..........

    အားလုံးကိုချစ်ခင်လေးစားစွာဖြင့်

    တြတ္တြတ္
    ဒီပို့စ်လေးကတော့ ကျနော့ရဲ့ Blogger ညီကို တစ်ယောက်ဖြစ်တဲ့  http://www.kyaukme.com  ကနေတဆင့် အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်တာပါ အဆင်ပြေကြပါစေ...