မြန်မာစာဖေါင့်အလှလေးများ

    Author: mmITres Genre: »
    Rating


    ဒါလေးကတော့ ကျနော်ရဲ့ မြင်ဆရာ ဆီက share လာတာလေးပါ
     
    ဝေယံလင်း: အကိုရေ ဘလော့ကတော့အသစ်ဆွဲလိုက်၇တယ် ဒီတခါတော့အဆင်ပြေပါတယ် အဟဲ အကိုတောင်းစရာလေးရှိလိုပါ မြန်မာ font အလှလေးတွေတင်ပေးပါဦး ကျနော်လိုချင်လို့ပါ .
    မြန်မာစာဖေါင့်အလှလေးတွေကို ကျနော့်မှာ ရှိသလောက် စုပြီးတင်ပေးလိုက်ပါတယ်.. တခါတည်း ဘယ်လို Install ဆွဲထည့်ရမလဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်..။ ဒီနည်းနဲ့ Install ဆွဲထည့်ပြီးသွားရင်တော့ Photoshop တို့လို၊ Page Maker တို့လို ဆော့ဖ်ဝဲလ်အကြီးကြီးတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သွားပါလိမ့်မယ်.. စာရိုက်တဲ့ လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ.. ဒီမြန်မာဖေါင့်အလှလေးတွေထဲမှာ မောင်စေတနာဆိုဒ်က ဖေါင့်တွေနဲ့ ကျနော့်ဆရာပေးထားတဲ့ ဖေါင့်အလှလေးတွေကို စုပေါင်းပြီး ထည့်ပေးထားပါတယ်..။ အားလုံးပေါင်း 3.5 MB ရှိပါတယ်..။ ဒီလိုမြန်မာစာလုံးအလှလေးတွေကို လူတိုင်းလိုလိုရှိထားသင့်ပါတယ်..။ စီပွါးရေး လုပ်တဲ့သူပဲဖြစ်ဖြစ်၊ လူမှုရေးသမားတွေပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာ ကိုင်တတ်၊သုံးတတ်ပြီဆို ဒီလိုဖေါင့်အလှလေးတွေကို စုဆောင်းထားရမှာပါ..။ လိုချင်တဲ့အချိန်မှ လိုက်ရှာရင် မရ ဖြစ်တတ်ပါတယ်..။ ဒီဖေါင့်လေးတွေကို ဒေါင်းယူပြီး၊ ဘယ်လို Install ဆွဲထည့်လဲဆိုတာ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..

     
     
     

    မြန်မာစာဖေါင့်အလှတွေကို Install ဆွဲထည့်ဖို့ မိမိတို့ ကွန်ပျူတာမှ Start>>Control Panel>>Fonts ကိုဖွင့်ထားပါ..။ Fonts နေရာကို ရှာမတွေ့ဖြစ်မှာစိုးလို့ အောက်မှာပုံလေးနဲ့ ပြပေးလိုက်ပါတယ်.. ပြီးရင် ကျနော်တင်ပေးလိုက်တဲ့ မြန်မာဖေါင့်အလှဖိုဒါကိုဖွင့်ပါ..။ ဖိုဒါထဲက ဖေါင့်တွေအားလုံးကို Ctrl+A နဲ့ အောစလက်ပေးလိုက်ပါ..။ အောက်ဒုတိယပုံမှာ ကြည့်ပါ..


    အောက်ကပုံမှာ စာလုံးအလှ ဖိုဒါကိုဖွင့်ထားပြီး (ဘယ်ဘက်) Ctrl+A အောစလက် ပေးပြီး အဲဒီဖိုင်လေးတွေ ပေါ်မှာ Right Click ထောက်ပြီး copy ယူပါ.. ပြီးရင် Control Panel မှ ဖွင့်ထားတဲ့ Fonts ဖိုဒါ(ညာဘက်ဝင်းဒိုး)ပေါ်မှာ အောက်ဆုံးဆွဲချပြီး နေရာလွတ်မှာ Right Click >> paste နဲ့ ထည့်ချလိုက်ပါ..။ မပြီးသေးပါဘူး.. အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါ..


    paste နဲ့ ထည့်လိုက်တာနဲ့ အောက်ကပုံလိုမျိုး ဘောက်စ်လေးတွေ ပေါ်လာရင် ကီးဘုတ်မှ Enter ကို တချက်ချင်း ခေါက်ပေးလိုက်ပါ..။ စာတွေလိုက်ဖတ်မနေနဲ့တော့ အာရုံနောက်တယ်.. ဘောက်စ်တွေပေါ်တိုင်း Enter ကို ပုံမှန်လေး ခေါက်ခေါက်သွားလိုက်ပါ..။ သဘောကတော့ မဝင်ချင်တာကို ဝင်အောင် အတင်းရိုက်သွင်းလိုက်တဲ့ သဘောပါပဲ..။ ဖေါင့်တွေအားလုံး ဝင်လို့ ကုန်သွားရင် နောက်ထပ်ဘာဘောက်စ်မှ ပေါ်မလာတော့ပါဘူး..။ အဲဒါဆို ဒီဖေါင့်တွေကို အသုံးပြုလို့ ရသွားပါပြီ..။ ဖေါင့်တွေသွင်းပြီးသွားရင်တော့ Desktop ပေါ်မှာ Right Click>>Refresh ကို ၄၊၅ ခါလောက် တောက်ပေးလိုက်ပါ..။ ရှော့ကပ်ကီးအနေနဲ့ ကီးဘုတ်မှ F5 တချက်ချင်းနှိပ်ပေးရင်လည်း အတူတူပါပဲ..။





    အောက်ဆုံးပုံမှာတော့ ကျနော် Install ဆွဲထည့်လိုက်တဲ့ ဖေါင့်လေးတွေ ဝင်သွားပါပြီ.. ဒီဘောက်စ်လေးတွေကို ပိတ်ပြီး အပေါ်မှာ ရေးထားတဲ့အတိုင်း Refresh ၄၊၅ခါ လုပ်ပေးလိုက်ပါ..။ အခုဒီဖေါင့်တွေ အားလုံးကို အသုံးပြုလို့ ရသွားပါပြီ..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..