အခုတလော comment တွေမှာ Lion မှာ ဇော်ဂျီ မပေါ်တော့ဘူးဆိုတာပဲ ပြောနေတယ်။ Lion မှာ မြန်မာ Unicode ပါလာမယ်ဆိုတာကို ကျွန်တော် ဒီ post ကတည်းက ပြောဖူးပါတယ်။ ပါလာတဲ့ font ၂ ခုက Myanmar MN နဲ့ Myanmar Sangam MN တို့ပါ။ Unicode မကြိုက်ဘူးဆိုရင်တော့ Font Book ထဲကနေ တဆင့် အလွယ်တကူ turn off လုပ်လိုက်လို့ရပါတယ်။ ကျွန်တော်ကတော့ Turn Off လုပ်ထားတယ်။ ကျွန်တော်က MasterPiece Unis နဲ့ Myanmar 3 ကို ပိုသဘောကျပါတယ်။ လက်ရှိ ပါလာတဲ့ Unicode Font ၂ ခုက စာလုံး အချို့ ပေါ်တာတွေ လွဲနေပါသေးတယ်။
Unicode ကော ဇော်ဂျီပါ တွဲသုံးချင်တယ်ဆိုရင်တော့
OS ထဲမှာ ပြောင်းသုံးချင်ပါတယ်ဆိုရင်တော့ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ font တွေ ဖြုတ်ထားလိုက်ပေါ့ဗျာ။ သို့ပေမယ့် ကျွန်တော်တို့ဟာ Apple ကနေ ပြောင်းခွင့်ပေးထားတဲ့ မြန်မာလို နေ့စွဲတွေ ရက်စွဲတွေ နံပတ်တွေ သုံးခွင့်ရတော့မှာ မဟုတ်ဘူး။ တကယ်လို့ ကိုယ့် OS မှာ မြန်မာလို မြင်ချင်ရင်တော့ Unicode font တစ်ခု မဖြစ်မနေ ထည့်ထားဖို့လိုပါတယ်ဗျာ။