Myanmar Font for iPad, iPhone, iPod Touch

    Author: mmITres Genre: »
    Rating

    Myanmar font Plug in for iPad, iPhone, iPod Touch
    Important Notes ~ Please If you are searching for A Way to Install Myanmar Font on your iPhone, iPad, Read MMKeyBoard. This article is just FOR WEB SITE OWNER not for iPhone, iPad Owner.
    April 3 ရက် ဒီနေ့မှာ US မှာ iPad wifi version ကို စဖြန့်ပါပြီ။ အရင်အတိုင်းပါပဲ Apple ဒီတစ်ကြိမ်လဲ အောင်မြင်ပါတယ်.. အခုစာရေးနေတဲ့ အချိန်မှာပဲ Fifth Ave Road က Apple Store ရှေ့မှာ လူတွေတန်းစီနေကြတာကို live ကြည့်လို့ ရနေတယ်။ iPad ဝယ်ဖို့တန်းစီနေကြတာပါ ပထမဆုံး စစီတဲ့ တစ်ယောက် ကဆိုရင် April 1 ရက်နေ့ကတည်းက စီနေခဲ့တာပါ။ အမှန်တော့ ဒီပို့စ်က iPad အကြောင်းပြောဖို့ မဟုတ်ပါဘူး။ Plug in တစ်ခု အကြောင်းပြောမလို့ပါ။ အဲဒီ plug in ထည့်ထားရင် site, blog ကို iPadiPhoneiPod Touch ကနေ jailbreak လုပ် မြန်မာစာ ထည့်စရာမလိုပဲ စာတန်းဖတ်လို့ ရပါတယ်။ Plug in နာမည်က Myanmar Font Embedder လို့ ခေါ်ပါတယ်။
    ဒီ plug in က WordPress Blogging CMS အတွက် ရေးထားတာပါ။ ဒီ plug in ကို plug in folder ထဲထည့် သွင်းထားရုံနဲ့ ကိုယ့်ဆိုဒ်ကို Apple handheld devices တွေကနေ မြန်မာစာဖတ်လို့ရနိုင်မှာပါ။ size အနေနဲ့ သေးငယ်ပြီး လက်ရှိထွက်တဲ့ iPad အတွက်ပါ ဆိုဒ်ကို အလိုလျောက် optimize လုပ်ပေးသွားမှာပါ။ ဘယ်လို အလုပ်လုပ်လဲ စကြည့်ရအောင်ပါ။

    Technologies

    Myanmar Font Embedder
    iPhone, iPad, iPod Touch တွေက Safari browser ကို သုံးထားတာပါ။ Safari က webkit ဆိုတဲ့ rendering engine ကို သုံးထားပါတယ်။ ဒါကြောင့် ကံကောင်းစွာပဲ Mobile Safari version မှာ font embed လုပ်လို့ ရနိုင်ပါတယ်။ တစ်ခုထဲသော embed လုပ်လို့ရတဲ့ အမျိုးအစားက .svg font ကိုသာ လုပ်လို့ရတာပါ။ ဒါကြောင့် ကျွန်တော် အခု plug in ထဲမှာ .svg font (Zawgyi font) ကို သုံးထားပါတယ်။
    3G Speed TestFont Embed လုပ်တာက ဟုတ်ပါပြီ အခု plug in က handheld mobile devices တွေ အတွက်ဆိုတော့ နောက်တစ်ခုက ကွန်နက်ရှင်ကို ထည့်တွက်ရပါတယ်။ Wifi နဲ့သုံးရင် ကွန်နက်ရှင်က မြန်မှာပါပဲ 3G အတွက်ကြတော့ file size ကို optimize လုပ်ဖို့ လိုပါတယ်။ အဲဒီအတွက် လက်ရှိ Zawgyi font ထဲက မလိုအပ်တဲ့ အခြားဘာသာ စကား glyph တွေ၊ kerning တွေကို Font Lab ထဲမှာ ဖယ်ထုတ်လိုက်တဲ့ အတွက် file size က 94KB အထိ ကျသွားပါတယ်။ 3G မှာ ပုံမှန်လိုင်းမိတဲ့ အချိန်မှာ 155kb/s လောက် ရနိုင်တာမို့ ဒီဖောင့်အတွက် 5 စက္ကန့်ထက် နဲတဲ့ အချိန်အတွင်းမှာ ဖုန်းထဲကို ရောက်သွားမှာပါ။ အခြား site က ဖိုင်တွေပါ download လုပ်ပြီးရင်တော့ ဆိုဒ်ကို မြန်မာလို စဖတ်လို့ရပါပြီ။ တစ်ခုရှိတာက ဒီ plug in က Mobile Phone Safari အတွက် plug in မဟုတ်ပါဘူး WordPress blog တွေအတွက် plug in ဖြစ်တာမို့ ဒီ plug in သွင်းထားတဲ့ site တွေသာ ဖတ်လို့ရမှာပါ။ အခြား blog တွေရောက်သွားရင်တော့ လေးထောင့်တုံးတွေ ပြန်ဖြစ်သွားမှာပါပဲ။ နောက် CBox လို iFrame embed ထည့်ထားတာတွေကိုတော့ အလုပ်မလုပ်ပါဘူး။
    နောက်တစ်ခုက ဒီ plug in သွင်းလိုက်တာနဲ့ ဆိုဒ်ကို အလိုလျောက် iPad, iPhone တွေအတွက် optimize လုပ်ပေးသွားမှာပါ။ Image တွေကို အလိုလျောက် ချုံ့ပေးသွားမှာပါ။ နောက် Viewport ကိုလဲ အလိုလျောက် device width အလိုက် ပြောင်းပေးသွားပါမယ်။ iPad က resolution 1024×768ရှိတာမို့ iPad နဲ့ ကြည့်တဲ့ အခါလဲ အလိုလျောက်ပြောင်းပေးမှာပါ အရင်တုန်းက code တွေက width တွေကို 320 နဲ့ ထားကြလေ့ရှိတာတွေက iPad ထွက်လာရင် ပုံပျက်ကုန်မှာပါ အခုကတော့ အလိုလျောက်ပြင်ပေးထားပါတယ်။ တကယ့် iPad နဲ့ကတော့ နောက်လလောက်ကြမှပဲ မဝယ်ဘဲ စမ်းကြည့်လိုက်ဦးမယ်။ နောက် iPad က အောက်မှာ ပြထားတဲ့ user agent သုံးပါတယ်..
    Mozilla/5.0 (iPad; U; CPU OS 3_2 like Mac OS X; en-us) AppleWebKit/531.21.10 (KHTML, like Gecko) Version/4.0.4 Mobile/7B334b Safari/531.21.10
    Apple iPad
    အခု plug in က Apple handheld devices တွေ iPhone OS မှာပဲ အလုပ်လုပ်ပါတယ်။ Google Android, Windows Phone, Symbian နဲ့ အခြား OS တွေအလုပ်မလုပ်ပါဘူး .svg font input လက်ခံမှ အလုပ်လုပ်မှာပါ။ Font embed လုပ်ထားတဲ့ အတွက် ပုံမှန် desktop တွေနဲ့ ကြည့်ရင် လေးမသွားပါဘူး။ ဘာလို့လဲဆိုတော့ Apple Handheld devices ဖြစ်မှ ဖောင့်ကို download လုပ်ယူတာပါ။ နောက် Site ကို plug in ထည့်ပြီးတဲ့ အခါ Bookmark လုပ်ရင် Add to Home Screen နဲ့ လုပ်ယူလိုက်ရင် Myanmar iPhone OS icon လေးတွေ တင်ပေးသွားပါလိမ့်မယ်။ နောက်ပြီးလို့ ဖွင့်ကြည့်ရင်လဲ address bar ဖျောက်ပေးထားပါတယ်။ နောက်ထပ် top bar ကိုလဲ ဖတ်ရလွယ်တဲ့ အနက်ရောင် ပြောင်းထားပါတယ်။
    Myanmar iPhone Appsနောက်တစ်ခုက လက်ရှိ သုံးထားတဲ့ Zawgyi Font က ရိုးရိုး rendering မပါတဲ့ ဖောင့်ဖြစ်ပါတယ်။ Rendering ပါတဲ့ Zawgyi 2009 မဟုတ်ပါဘူး။ ဒါကြောင့် Zawgyi 2009 သုံးထားရင် ကောင်းကောင်း အလုပ်မလုပ်ပဲ ဖတ်လို့ နားလည်ရုံလောက် ပုံပဲပြပါလိမ့်မယ်။ Zawgyi font က Standard Unicode မဟုတ်ပေမယ့် Unicode code point တွေ ယူသုံးထားတာမို့ plug in ထဲမှာ Content Type ကို UTF-8 အနေနဲ့ meta data သုံးပြီး ကြေငြာထားပါတယ်။ UTF-8 က backward-compatible ဖြစ်တဲ့ အတွက် ASCII font တွေကို လဲ အလုပ်လုပ်ပါတယ်။ ဘာလို့ ကြေငြာရတာလဲဆိုရင် default web mapping (HTTP 1.1 spec) အရ Latin-1 (only represent 256 characters) နဲ့ အလုပ်လုပ်တာမို့ web layout rendering မှန်အောင် ပြောင်း ကြေငြာတာပါ။
    iPhone မှာ မြန်မာစာ ပေါ်ဖို့ ဆိုရင် အခြားနည်းလမ်းတွေ ရှိပါသေးတယ်.. ဥပမာ Server side ကနေ font နဲ့ image generate ထုတ်ပေးတာမျိုး Cufon လို javascript သုံးတာမျိုး Face Lift သုံးတာတွေ ရပါတယ်။ SIFR ကတော့ flash သုံးတာမို့ flash မရတဲ့ အိုင်ဖုန်း မှာ အလုပ်မလုပ်ပါဘူး။ အခု .svg သုံးထားတော့ image generate လုပ်ပြီး download လုပ်ယူရတာထက် ပိုမြန်ပါတယ်။ နောက် select လုပ်လို့ရပါတယ် Copy, Cut, Paste လုပ်လို့ ရပါတယ်။ (Select လုပ်ရင် .svg font ဖြစ်တာမို့ space ပါမှ select လုပ်ရလွယ်နိုင်ပါတယ်) အနည်းဆုံးတော့ အခြား iPhone App တွေဖြစ်တဲ့ FaceBook, Tweetdeck က လေးထောင့်တုံး မြန်မာစာတွေကို copy ကူးပြီး blog အောက်က comment text box ထဲ paste လုပ်ရင် စာဖတ်လို့ရပါသေးတယ်. Submit တော့ မနှိပ်ကြနဲ့ပေါ့နော် =P နောက် အားမှ iPhone optimize Myanmar Text Box လုပ်ဖို့ အစီအစဉ်တော့ရှိပါတယ်။

    Current Support Devices

    Apple iPad, iPhone, iPod Touch with any OS using Safari and 3rd Party Browsers.

    Open Source

    Myanmar Burma font on iPhone
    ဟုတ်ကဲ့ ခင်ဗျ အခု plug in က Open Source ပါ ဘာလို့လဲဆိုတော့ PHP နဲ့ တန်းကြည့်လို့ ရတာမို့ပါ။ Code ကလဲ မသိရင် အတော်ကြိုးစား ယူထားရတယ် ထင်မယ် မဟုတ်ပါဘူး WordPress Header ထဲကို လိုချင်တဲ့ code တွေ inject လုပ်လိုက်တာပါပဲ။ အဓိက ခေါင်းစားသွားတာက Java Batik သုံးပြီး font lab ကနေ optimize လုပ်ထားတဲ့ zawgyi font ကို .svg convert လုပ်တုန်းကပဲ error တွေနဲ့ ခေါင်းစားပါတယ်။ Mac OS Java Runtime ပဲ ကွိုင်တာလား ဘာလား မသိပါဘူး။ နောက်ဆုံးတော့လဲ အလုပ်ဖြစ်သွားပါတယ်။ အခြား ဖောင့်တွေအတွက် လဲ လုပ်ဖို့ ကြိုးစားပါသေးတယ် Myanmar3 မှာ header file error ပေါ်နေလို့ ရပ်ထားလိုက်ပါတယ်။
    အခု plug in က Apple devices တွေအတွက် အဓိက ရည်ရွယ်တာ မဟုတ်ပဲ Myanmar စာ ဖောင့်မထည့်ဘဲ ဖတ်လို့ ရနိုင်အောင် ရည်ရွယ်ပါတယ်။ Zawgyi မှမဟုတ်ပါဘူး အခြား font အမျိုးအစားတွေ type တွေ embed လုပ်ဖို့လဲ စဉ်းစားထားပါတယ်။ Open Source ဖြစ်တာမို့ အားလုံး ဝိုင်းကူညီကြရင် font မျိုးစုံကို Web Standards နဲ့ အညီ embed လုပ်နိုင်တဲ့ plug in တစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ Mobile phone optimize plug in (framework) လဲ လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

    License

    GNU License ကို သုံးထားပါတယ်။ မည်သူမဆို ဆက်ပြီး develop လုပ်နိုင်ပါတယ်။ free ဆက်ပေးနိုင်ပါတယ်။ modify လုပ်နိုင်ပါတယ်။ ရောင်းစားလို့ တော့ မရပါဘူး။ တစ်ဆက်ထဲပြောတာပါ Myanmar Font Plug In သွင်းဖို့ အတွက် database back up လုပ်ထားစရာလဲ မလိုပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ရင် back up လုပ်ပြီးမှ သုံးပါ ဘာလို့လဲဆိုတော့ တစ်ခုခု error ဖြစ်ခဲ့ရင် ကျွန်တော် တာဝန်ယူ ရှင်းပေးမှာ မဟုတ်ပါဘူး။ ကျွန်တော် blog 5 ခုလောက်မှာ စမ်းကြည့်ပြီးပါပြီ ဘာ error မှတော့ မတွေ့မိပါဘူး။ မတွေ့မိဆို font embed လုပ်ရုံပဲကိုး။

    Download Myanmar Font Embedder WordPress Plug In



    DownloadThis file has been downloaded 16094 Times.

    Version History ~ Log

    Latest Version 0.07 (Release on April 3, Same Day that iPad launch at US)

    How to Install Plug In?

    • Download .zip file
    • Open It/Extract it in your WordPress Blog folder > wp-content > plugins
    • Then Activate from WordPress Admin Control Panel Plugins
    • Done!!
    လောလောဆယ်မှာ iPad, iPhone, iPod Touch ကနေ blog ကြည့်ချင်တဲ့ သူတွေ အတွက် အဆင်ပြေအောင် plug in သွင်းထားပြီးသား blog တွေကို စုထားချင်ပါတယ်။ ဒါကြောင့် plug in သွင်းထားပြီးပါက အောက်ဖက်မှာ comment ပေးခဲ့နိုင်ပါတယ်။ ကျွန်တော် List လုပ်ထားပါမယ့်။

    Plug in Installed Blog Lists

    Special Thanks To

    ဒီ plug in လုပ်နိုင်ဖို့ အကူအညီတွေ ပေးခဲ့တဲ့ Snook.ca ကိုလဲ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။