Myandroid ဆိုတာ Myanmar and Android ကိုပြောင်းပြီ နာမည် ပေးထားတာပါ။ Android platform အတွက် အင်္ဂလိပ် – မြန်မာ – အင်္ဂလိပ် dictionary လေးပါ။ Beta version အဖြစ် တင်ဆက်လိုက်ရပါတယ်။ Root လုပ်ဖို့ font install လုပ်ဖို့ မလိုပဲ အသင့်သုံးနိုင်ပါတယ်။ ကျွန်တော့် HTC Desire မှာတော့ အဆင်ပြေပါတယ်။ ကျန်တဲ့ Device တွေမှာအဆင်ပြေမပြေ မသိရသေးပါဘူး။ စမ်းသုံးကြည့်စေချင်ပါတယ်။ ထာဝရ Free ပါသွားမှာပါ။ Version 1.0 ဖြစ်တဲ့အခါ Code တွေကို share ပေးသွားဦးမှာပါ။
English – Myanmar
- Single Word
- Single Translation
- Total Records (17902)
Myanmar – English
- Single Word and Expression
- Multiple Translation
- Total Records (32701)
မြန်မာ – အင်္ဂလိပ်အတွက် မြန်မာစာ Keyboard ကိုတော့ မရေးထားပါဘူး။ မြန်မာစာရိုက်တက်သူတိုင်း အလွတ်ရပြီးသားဖြစ်တဲ့ ဘယ်မြန်မာစာလုံးက ဘယ် key မှာ ရှိတယ်ဆိုတဲ့ ပေါ်မူတည်ပြီး ရိုက်ရှာနိုင်ပါတယ်။ ဥပမာ (မြန်မာ = jrefrm)
အသုံးပြုပုံ
- Home screen မှ Myanmar – English button သို့မဟုတ် English – Myanmar button တစ်ခုခုကို နှိပ်ပါ။
- ၂ – ၃ စက္ကန့်လောက် loading စောင့်ပါ။
- Search screen ကိုရောက်ပါက နှစ်သက်ရာကိုရိုက်ပြီရှာနိုင်ပါပြီ။ (မှတ်ချက် အနည်းဆုံး character ၂ လုံးရိုက်ဖို့ လိုအပ်ပါမယ်)
- Keyboard မှ Enter Key သို့မဟုတ် Screen မှာ Search button နှိပ်ပြီ ရှာနိုင်ပါတယ်။
- မိမိ ကြည့်လိုရာကို အသေးစိတ်ကြည့်လိုပါက search results ထဲမှာ နှစ်သက်ရာ list ကို နှိပ်ပါ။
- Detail screen ပေါ်လာပါလိမ့်မယ်။
- Search screen ကိုပြန်သွားလိုပါက ဖုန်းမှ back button ကိုနှိပ်ပါ။
To Download
File Size က 890 KB ပဲရှိပါတယ်။ Download ပြီးပါက File name ကို MyandroidDict.apk_.png မှ MyandroidDict.apk သို့ ပြောင်းပြီ ဖုန်းထဲထည့်ပြီး install လုပ်နိုင်ပါပြီ။ (ကိုသီဟရေ server က .apk လက်မခံလို့ အကြံအဖန်လုပ်လိုက်ရတယ်)
ခွင့်တောင်းခြင်း
ကျွန်တော် ဒီ dictionary မှာ အသုံးပြုထားတဲ့ data တွေကို wxPyDict – Dictionary မှ ရယူထားခြင်းဖြစ်ပြီ။ Font တွေ ကတော့ Zawgyi နဲ့ Wininnwa တို့ကို သုံးထားခြင်း ဖြစ်ပါတယ်။ အဆိုပါ ပိုင်ရှင်များထံမှ တိုက်ရိုက် ခွင့်ပြုချက်ရယူထားခြင်း မရှိသေးပါ။ Myandroid dictionary ကို ကိုယ်ကျိုး စီးပွားအတွက် အသုံးပြုမှာ မဟုတ်ပဲ ထာဝရ Free ပေးသုံးသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါ ပိုင်ရှင်များအနေဖြင့် အသုံးပြုခွင့် ပေးပါရန် ခွင့်တောင်း လိုက်ရပါတယ်။
ဖိတ်ခေါ်ခြင်း
Myandroid Dictionary အတွက် Logo Design ဆွဲပေးချင်သူများ၊ Dictionary Data တွေ share မည့်သူများ၊ ပူပေါင်းရေးသားလို သူများကို ဖိတ်ခေါ်ပါတယ်။ ဝေဖန် အကြံပြုချက် များကိုလဲ ကြိုဆိုလျှက်…..