iPhone 4 ကို plan နဲ့ ၀ယ်လိုက်တယ်။ iOS 4.0.1 ဖြစ်နေတော့ ဇော်ဂျီဖောင့်ကို စေတန်တို့ဆိုဒ်ကနေ သွင်းလို့မရဘူးလေ။ Compatible မဖြစ်လို့လေ။ ဘာလို့သိတာလဲ ဆိုတော့ Install လုပ်ကြည့်လိုက်တော့ iPhone 4 က ပြန်ကို တတ်မလာတော့ဘူး။ ပန်းသီးပုံမှာပဲ ရပ်နေတယ်။ Restore ပြန်လုပ်လိုက်ရတယ်။ Jailbreak ပြန်လုပ်ရတယ်။ အော် ဒါနဲ့ တစ်ခုရှိတာက ကိုယ့်ဖုန်းရဲ့ shsh ကို Jailbreak မလုပ်ခင် သိမ်းထားဖို့လိုတယ်။ နို့မို့ဆိုရင် iOS ကို version upgrade လုပ်လိုက်ပြီး နောင်အခါ version အဟောင်းကို ပြန်သွားချင်ရင်တော့ တော့လို့ရတော့မှာ မဟုတ်ဘူး။
ဇော်ဂျီကို ဖုန်းပေါ်မှာ ဖတ်ချင်တော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို အင်တာနက်မှာ လိုက်ရှာတယ်။ နောက်ဆုံး အဖြေတစ်ခုတွေ့တယ်။ ဇော်ဂျီကီးဘုတ်ဘာလို့ထည့်မရသလဲဆိုတာကိုပေါ့။ စေတန်တို့ရေးထားတာ ကီးဘုတ်မှာက ပန်းသီးရဲ့ ဖောင့်ကို ဇောဂျီနဲ့ အစားထိုးလိုက်တာ။ iOS 4.0.1 မှာကျတော့ ပန်းသီးကို သူရဲ့ ဖောင့်တွေကို True Type Font Collection ဆိုပြီး .htc ထဲမှာ ပေါင်းထည့်လိုက်တယ်။ အဲဒီအထဲမှာ ဖောင့်တွေအများကိုပေါင်းထည့်ထားပြီး တစ်ဖိုင်တည်းဖြစ်အောင် လုပ်ထားတာ။
အဲဒီတော့ နောက်ဆုံး စဉ်းစားမိတာကို အဲဒီဖောင့်collection ကိုဖြေပြီး ဇော်ဂျီး ယူနီကုတ် တွေကို font တစ်ခုစီထဲမှာ အစားထိုးမယ်။ ပြီးရင် ပြန်ပြီး .htc ဖိုင်ပြန်လုပ်လိုက်မယ်ဆိုရင် ဖြစ်နိုင်တယ် ဆိုတာကို စဥ်းစားမိတယ်။ အဲဒါနဲ့ပဲ နောက်ဆုံးတော့ စမ်းသပ်ပြီး လုပ်ကြည့်လိုက်တာ အလုပ်ဖြစ်သွားတယ်ဆိုတာကို တွေ့လိုက်ရတယ်။
အခုမှပဲ Zawgyi ကို ဖုန်းပေါ်မှာ ဖတ်လို့ရတော့တယ်။ Safari, Mail, Springboard, Dailer, Chat အားလုံးမှာ အလုပ်လုပ်တယ်ဆိုတာကို တွေ့လိုက်ရတယ်။
Font mapping လုပ်ရတာ နည်းနည်းတော့ အဆင့်များတယ်။ သို့သော်လည်း ၃ နာရီလောက် အချိန်ပေးပြီးလုပ်လိုက်တာ အဆင်ပြေသွားတယ်။
Having Fun Zawgyi Font with iPhone 4
Author: mmITres
Genre:
»
iOS
Rating
Posted by mmITres
Posted on